ပန်းချီဆရာကြီး Dr. ဦးလွန်းကြွယ် ဆုံးပါးသွားတယ်လို့ သူနဲ့ နီးစပ်သူအသိုင်းအဝိုင်းမှ ဖော်ပြထားပါတယ်။
ဆရာကြီးရဲ့ ပန်းချီပြပွဲကို ကြီးမှူးကျင်းပပေးတဲ့ The Royal Gallery ကမြန်မာ့ပန်းချီလောက၏ Grand Master ဆရာကြီး Dr. ဦးလွန်းကြွယ် ဆုံးပါးသွားကြောင်းကြားသိရသည့်အတွက် များစွာတုန်လှုပ်ဝမ်းနည်းရပါတယ်ဟုရေးသားထားတာတွေ့ရပါတယ်။
ဆရာကြီးသည် ပန်းချီကားများမှတဆင့်များစွာသောသူတို့၏ စိတ်ဝိဉာဏ်များကို အမျိုးမျိုးသောရသများ၊ တွေးစရာများပေးခဲ့သူဖြစ်တယ်လို့ The Royal Gallery မှတ်ချက်ပြုပါတယ်။
ပန်းချီဆရာကြီးဦးလွန်းကြွယ်ကွယ်လွန်သွား တာနဲ့ပတ်သက်ပြီး ဆရာကြီးနဲ့ဆရာကြီးရဲ့သားဖြစ်သူဦးလွန်းသစ်တို့နဲ့ နီးစပ်သူ ပန်းချီဆရာတစ်ဦးကMercury Newsထံအတည်ပြုပြောကြားထားတာဖြစ်ပါတယ်။