Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လက်ရှိချန်ပီယံ လီပါပူးလ် က ဘုန်းမောက်ကို နောက်ကျဂိုးတွေနဲ့ အနိုင်ရ

၂၀၂၅၊ဩဂုတ်လ၊၁၆ရက်

၂၀၂၅-၂၀၂၆ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ လက်ရှိချန်ပီယံ လီပါပူးလ် က ဘုန်းမောက်ကို နောက်ကျဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။

လီပါပူးလ်ဟာ တိုက်စစ်မှုးသစ် အီကီတီကေး၊တောင်ပံကစားသမား ဂတ်ပိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဘုန်းမောက်ကစားသမား ဆီမန်ညိုရဲ့ ချေပဂိုးနှစ်ဂိုးကြောင့် နိုင်ပွဲရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ပါတယ်။

ပွဲပြီးခါနီး ၈၈မိနစ်မှာ လူစားဝင်ကစားသမား ချီယေဆာ၊မိနစ် ၉၀ပြည့်ပြီး နာကျင် အချိန်ပို မှာ ညာတောင်ပံကစားသမား ဆာလာ တို့က အနိုင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး လီပါပူးလ်ဟာလည်း ရာသီသစ်ကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။

#mercury#mercurynews#အားကစား#ဘောလုံး#လီပါပူးလ်#PremierLeague