Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပို့ကုန်ရငွေပြန်လည်ရရှိခြင်းမရှိသည့် ကုမ္ပဏီ(၁၉၇)ခုကို Black Listအမည်မည်းစာရင်းသွင်း

——————————————————————————

၂၀၂၅ခုနှစ်၊ဇူလိုင်လ၊(၁)ရက်

ပြီးခဲ့တဲ့ (၅)နှစ်တာကာလမှာပို့ကုန်ရငွေပြန်လည်ရရှိခြင်းမရှိတဲ့ ကုမ္ပဏီ(၁၉၇)ခုကို Black Listအမည်မည်းစာရင်း သွင်းလိုက်တယ်လို့ ဗဟိုဘဏ်မှ ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၆ခုနှစ်မှ-၂၀၂၀ခုနှစ်အထိပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ခြင်းမရှိတဲ့ ကုမ္ပဏီတွေကို အမည်မည်းစာရင်းသွင်းလိုက်တယ်လို့ဆိုပါတယ်။

ဇွန်လ(၂၃)ရက်အထိစိစစ်ချက်အရ အဲဒီ့ကုမ္ပဏီတွေဟာ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊စည်းမျဉ်း ၊အမိန့် ကြေညာစာတို့ပါ သတ်မှတ်ချက်တွေကို မလိုက်နာသဖြင့် ကုမ္ပဏီ၊ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်မည်းစာရင်းထည့်သွင်းကြေညာလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ပြည်တွင်းသတင်း