Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

‘ပုဂံ’ဟုခေါ်သည့်Airbus A319 လေယာဉ်သစ်တစ်စင်းMAIလေကြောင်းလိုင်းကထပ်တိုးထား၊လေကြောင်းခရီးစဉ်များ တိုးမြှင့်ဖို့ရှိနေ

——————————————————————————————

၂၀၂၅ခုနှစ်၊ဇွန်လ၊(၂၄)ရက်

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ဟာ လေကြောင်းလိုင်းရဲ့ (၃၂) နှစ်ပြည့် ပျံသန်းပြေးဆွဲမှုအဖြစ် လေကြောင်းခရီးစဉ်တွေ တိုးမြှင့်ဖို့ရှိတယ်လို့ သိရပါတယ်။

အောက်တိုဘာနှောင်းပိုင်းမှစတင်ကာ ရန်ကုန်-ဟနွိုင်း ခရီးစဉ်၊ ရန်ကုန်/မန္တလေး-ချင်းမိုင် ခရီးစဉ်၊ ရန်ကုန်-ဒါနန် ခရီးစဉ်၊ ရန်ကုန်- ကိုလ်ကတ္တား ခရီးစဉ်၊ ရန်ကုန်-ချန်နိုင်း ခရီးစဉ်၊ ရန်ကုန်-ကွမ်ကျိုးခရီးစဉ်တို့ကို အကြိမ်ရေ တိုးမြှင့်ပျံသန်းပြေးဆွဲမှာဖြစ်တယ်လို့ဆိုပါတယ်။

လတ်တလောမှာ Airbus A319 လေယာဉ်သစ်တစ်စီးထပ်တိုးရောက်ရှိပြီး MAIမှာ လေယာဉ်စုစု ပေါင်း (၁၁)စင်းအထိရှိလာပြီး ရန်ကုန်၊မန္တလေး လေဆိပ်နှစ်ခုမှ အခြေစိုက်ကာ မြို့ပေါင်း (၄၁)မြို့ကိုပျံသန်းပြေးဆွဲလျက်ရှိတယ်လို့ သိရပါတယ်။

#mercury#mercurynews#ပုဂံ#လေကြောင်းလိုင်း#ပြည်တွင်းသတင်း