Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပုဂ္ဂလိကလုပ်သားများအတွက်အနည်းဆုံးလုပ်ခကျပ် ၁၀၀၀ တိုးပေး၊ စုစုပေါင်းနေ့စားလုပ်ခကျပ် ၇၈၀၀ သတ်မှတ်

————————————————————————–

၂၀၂၅ခုနှစ်၊အောက်တိုဘာ၊(၁၅)ရက်

အထည်ချုပ်စက်ရုံအပါအဝင် ပုဂ္ဂလိကလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတဲ့ အခြေခံလုပ်သား တွေအတွက် အပိုထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးပြီး စုစုပေါင်း နေ့စားလုပ်ခကျပ် ၇၈၀၀ သတ်မှတ်တယ်လို့ သက်ဆိုင်ရာဌာနကထုတ်ပြန်ပါတယ်။

အဲဒီလိုသတ်မှတ်ချက်မှာ အလုပ်သမား ၁၀ ဦးအောက်ရှိတဲ့ လုပ်ငန်းနဲ့ လုပ်ငန်းငယ်တွေ ၊ တနိုင်တပိုင်လုပ်ငန်းတွေမပါဘူးလို့ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး အမျိုးသား ကော်မတီက ဆိုပါတယ်။

လာမယ့်အောက်တိုဘာလ(၁)ရက်ကစလို့ နေ့စားခ တစ်‌ထောင်တိုးပြီးရရှိတော့မှာဖြစ်တယ် လို့သိရပါတယ်။

#mercury#mercurynews#မြန်မာ#အလုပ်သမား#ပြည်တွင်းသတင်း