ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော် YMBA ရုံးအနီးရှိ တိုက်နှစ်လုံးကြားမှာ မနေ့က အောက်တိုဘာ၁၇ရက်နေ့ က ကလေးငယ်တစ်ဦး ပြုတ်ကျပြီး ညပ်နေကြောင်း သတင်းရရှိတာကြောင့် မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။
ကလေးငယ်ဟာ မနေ့ည ၉ နာရီ ၂၇ မိနစ် တိုက်နှစ်လုံးကြားပြုတ်ကျညပ်နေခဲ့တာဖြစ်ပြီး ည ၉ နာရီ ၄၃ မိနစ်အချိန်မှာညပ်နေတဲ့ ကလေးငယ်ကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။
ပြုတ်ကျညပ်နေခဲ့တဲ့ ကလေးငယ်ဟာ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ပြီး၊ ပီတိမေတ္တာလူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ကလေးငယ်ပြုတ်ကျ#ပြည်တွင်းသတင်း