ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ရပ်ဆိုင်းလိုက်ပြီးနောက် “အချည်းနှီးဖြစ်မယ့် အစည်းအဝေး” ကို မလိုချင်ကြောင်း ပြောကြားလိုက်ပါတယ်။
သမ္မတထရမ့်က လွန်ခဲ့တဲ့ ကြာသပတေးနေ့က နှစ်ပတ်အတွင်း ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်မြို့မှာ နှစ်ဘက်ဆွေးနွေးပွဲ ပြုလုပ်မယ်လို့ ပြောကြားခဲ့လည်း အိမ်ဖြူတော်အရာရှိတစ်ဦးက ထရမ့်-ပူတင် တွေ့ဆုံရန် လတ်တလော အစီအစဉ်မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သမ္မတထရမ့်က လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းတစ်လျှောက် တိုက်ခိုက်မှုများကို ရပ်ဆိုင်းရန် မော်စကိုဘက်က ငြင်းဆန်နေခြင်းဟာ အဓိက အငြင်းပွားစရာဖြစ်နေကြောင်း အင်္ဂါနေ့ (ယနေ့) က အိမ်ဖြူတော်မှာ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗ်ရို့ဗ်တို့အကြား ကြိုတင်ပြင်ဆင်မှု အစည်းအဝေးတစ်ရပ် ပြုလုပ်ရန် မူလက စီစဉ်ထားပေမယ့်လည်း ဝန်ကြီးနှစ်ဦး ဖုန်းဖြင့် စကားပြောခဲ့ပြီးနောက် အစည်းအဝေး ပြုလုပ်ရန် “မလိုအပ်တော့ဘူး” ဟု အိမ်ဖြူတော်က ပြောကြားထားပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း #ထရမ့်#ပူတင်#ရုရှား#အမေရိကန်