———————————————————————–
၂၀၂၆ခုနှစ်၊မတ်လ၊(၂၈)ရက်
ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအားလုံးအတွက် ထပ်မံပြီးကျောက် ကျင်း (၅၂၇၉)ကျင်း ထပ်မံဖြည့်တင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
ပဲခူး – မော်လမြိုင် ရထားလမ်းပိုင်းအား တာပေါင်အကျယ်ကျဉ်းနေသောနေရာများ မြေဖို့ခြင်း၊ တစ်မိုင်လျှင် ကျင်း ၅၀၀ ကျောက် ဖြည့်တင်းခြင်း၊ လမ်းပိုင်းအား ကျောက်ပက်ကင်ရိုက်ခြင်း လုပ်ငန်းတွေကို ၂၀၂၆ ခုနှစ် ဇန်နဝါရီမှစပြီး ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။
တစ်မိုင်လျှင် ကျောက်ကျင်း ၃၅၀ ရှိတဲ့ နေရာတွေ ကျောက်ကျင်း ၁၅၀ ထပ်မံဖြည့်တင်းပြီး တစ်မိုင်လျှင် လမ်းခင်းကျောက်ကျင်း ၅၀၀ နှုန်း ပြည့်အောင် ဖြည့်တင်းခြင်းဖြင့် လမ်းပိုင်းကို မိုင်နှုန်းမြှင့်နိုင်ရေး ဆောင်ရွက်ခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ခဲ့ရာ ဒီနေ့အထိ ကျောက်ကျင်းပေါင်း ၁၃၄၈၉ ကျင်း ထပ်မံဖြည့်သွင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
