၂၀၂၅ခုနှစ်၊ဩဂုတ်လ၊(၁)ရက်
ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၁၆/၁၇)ကြားမှာSINO အဝါရောင် (၂၂)ဘီးယာဉ်ဟာ အရှိန်မထိန်းနိုင်ပဲ TOYOTA HIACE အဖြူရောင် (၄)ဘီးယာဉ်အား အနောက်မှဝင်ရောက်တိုက်မိကာ လမ်းရဲ့ ညာဘက်ခြမ်းရှိ ချောက်ထဲသို့ ထိုးကျမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီ့ယာဉ်တိုက်မှုကြောင့် TOYOTA HIACE အဖြူရောင် (၄)ဘီးယာဉ်ပေါ်ပါ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နဲ့ SINO အဝါရောင် (၂၂)ဘီးယာဉ်ပေါ်ပါ ကျား(၂)ဦး (သေဆုံး)တို့ကို သန္တိသုခလူမှုကူညီရေးအသင်းနဲ့ စံပြမေတ္တာလူမှုကူညီရေးအသင်းများမှ သူနာတင်ယာဉ်များဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ပြင်ဉီးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။