————————————————————————-
၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၇)ရက်
ဒီနေ့ အောက်တိုဘာလ(၂၇)ရက်မှာ ပြင်ဦးလွင်မြို့နဲ့ ဂန့်ဂေါမြို့အနီး ဗဟိုပြုပြီး ငလျင်လှုပ်ခတ်မှုတွေရှိခဲ့တယ်လို့ မြေငလျင်ဌာနခွဲမှ သိရပါတယ်။
မန္တလေးတိုင်း၊ပြင်ဦးလွင်မှာ မနက်(၄)နာရီကျော်အချိန်မှာ ပြင်ဦးလွင်ရဲ့ တောင်-အရှေ့တောင်ဘက်(၂၂)မိုင်အကွာမှာ ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး(၃.၈)အဆင့်ရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။
မကွေးတိုင်း၊ဂန့်ဂေါမြို့အနီး အရှေ့တောင်ဘက်(၂၈)မိုင်အကွာမှာ ဗဟိုပြုပြီးအင်အားရစ်(ခ်)တာစကေး(၃.၄)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။
၂၀၂၅ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေတာဖြစ်လို့ သတိပြုနေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။
#Mercury#mercurynews#ပြင်ဦးလွင်#ဂန့်ဂေါ#မြန်မာ#ပြည်တွင်းသတင်း
