Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပြင်ဦးလွင်မြို့မှာ မနေ့ညက မီးလောင်မှုဖြစ်ပွား

၂၀၂၅၊ဒီဇင်ဘာလ၊၁၃ရက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ရပ်ကွက်ကြီး (၁) မှာ မနေ့ညက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညနေ (၆) နာရီ (၁၅) မိနစ်အချိန်ခန့်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီးနှင့် ရေသယ်ယာဉ် (၁) စီးတို့ ထွက်ခွာကာ မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။

ညနေ (၆) နာရီ (၂၇) မိနစ်အချိန်မှာတော့ မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#မီးလောင်#မန္တလေး#ပြည်တွင်းသတင်း