၂၀၂၆၊ဇန်နဝါရီလ၊၂၂ရက်
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ပြည်သာယာလမ်းနှင့် ရတနာလမ်းကြားက စာပန်းအိမ်ဘော်ဒါဆောင်မှာ ယနေ့ နေ့လည် ၁နာရီ ၂၀မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
မီးလောင်ရာကို ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးတို့က ထွက်ခွာမီးငြှိမ်းသတ်ခဲ့ပါတယ်။
နေ့လည် ၁နာရီ ၃၈မိနစ် မှာ မီးကိုအပြီးသတ်ငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
