Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖိလစ်ပိုင်တွင် ပြင်းအား ၆.၉ အဆင့် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၆ဦး အထိ ရှိလာ

ဖိလစ်ပိုင်နိုင်ငံမှာ စက်တင်ဘာလ ၃၀ ရက်နေ့၊ ဒေသစံတော်ချိန် ည ၁၀ နာရီ ဝန်းကျင်ခန့်က ပြင်းအား ၆.၉ အဆင့်ရှိတဲ့ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ လူ ၂၆ ဦး သေဆုံးခဲ့ပြီး ၁၄၇ ဦး ဒဏ်ရာရရှိထားတယ်လို့ ဖိလစ်ပိုင်နိုင်ငံ ဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီ (NDRRMC) က ထုတ်ပြန်ပြောကြားထားပါတယ်။

ငလျင်ဟာ ဆီဘူးခရိုင်၊ ဘိုဂိုမြို့ရဲ့ အရှေ့မြောက်ဘက် ၁၇ ကီလိုမီတာအကွာ ပင်လယ်ပြင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၂၆ ဦးအနက် ၁၉ ဦးဟာ ဘိုဂိုမြို့တစ်မြို့တည်းကဖြစ်ပါတယ်။

အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ရဲ့ထုတ်ပြန်ချက်အရ ငလျင်ရဲ့ အနက်မှာ ၁၀ ကီလိုမီတာရှိပြီး နောက်ဆက်တွဲငလျင်ကလည်း အကြိမ်ပေါင်းများစွာ လှုပ်ခတ်ခဲ့ပါတယ်။

ဖိလစ်ပိုင်အစိုးရအနေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး၊ ငလျင်ဒဏ်ကြောင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ပစိဖိတ်ဆူနာမီသတိပေးချက်စင်တာနှင့် ဖိလစ်ပိုင်မီးတောင်နှင့်ငလျင်လေ့လာရေးဌာန နှစ်ခုစလုံးက ပင်လယ်ရေမျက်နှာပြင်ကို နှစ်နာရီကြာ စောင့်ကြည့်လေ့လာပြီးနောက် ဆူနာမီအန္တရာယ် စိုးရိမ်စရာမရှိကြောင်း ထုတ်ပြန်ထားပါတယ်။

#mercury#mercurynews#ဖိလစ်ပိုင်#ငလျင်#သဘာ၀ဘေး#နိုင်ငံတကာ