Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖိလစ်ပိုင်မှာ တိုင်ဖုန်း ‘ခါမာဂီ’ ဝင်ရောက်တိုက်ခတ်၊လူ ၃ ဦးသေဆုံးပြီး သိန်းနှင့်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

၂၀၂၅၊နိုဝင်ဘာလ၊၅ရက်

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသကို အင်အားပြင်း တိုင်ဖုန်း ‘ခါမာဂီ’ ဖြတ်သန်းတိုက်ခတ်မှုကြောင့် အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ရပြီး၊ လူပေါင်း သိန်းနှင့်ချီ နေအိမ်များကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖိလစ်ပိုင် ဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဒဏ်ကြောင့် စီဘူးကျွန်းပေါ်ရှိ မြို့နယ်များအပါအဝင် ဧရိယာအတော်များများ ရေလွှမ်းမိုးခြင်းခံခဲ့ရပြီး ရုပ်သံမှတ်တမ်းများအရ လူအများအပြား နေအိမ်ခေါင်မိုးများပေါ်မှာ တက်ရောက်နေရတာကိုလည်း တွေ့ရပါတယ်။

ကယ်ဆယ်ရေးအတွက် ကူညီရန် စေလွှတ်ခဲ့တဲ့ စစ်တပ်ရဟတ်ယာဉ်တစ်စင်း မြောက်ပိုင်း မင်ဒါနာအိုကျွန်းတွင် ပျက်ကျခဲ့ကြောင်း ဖိလစ်ပိုင်လေတပ် (PAF)ကထုတ်ပြန်ထားပြီး အရပ်ဘက်ကာကွယ်ရေးရုံးရဲ့ သတင်းစာရှင်းလင်းပွဲမှာ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်က လူဦးရေ စုစုပေါင်း ၄၀၀,၀၀၀ နီးပါး ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ပြောထားခဲ့ပါတယ်။

#mercury#mercurynews#ဖိလစ်ပိုင်#သဘာဝဘေး#အာဆီယံ

People gather coconuts washed ashore by of Typhoon Kalmaegi in Mayorga town, Leyte province on November 4, 2025. At least five people have been killed and hundreds of thousands displaced as rains driven by Typhoon Kalmaegi flooded swathes of the central Philippines on November 4. (Photo by FRANCIS CADAVIS / AFP) (Photo by FRANCIS CADAVIS/AFP via Getty Images)