Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC က စွဲချက်တင်

ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးအတွင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ၇၆ မှုထက်မနည်းမှာ တာဝန်ရှိတယ်ဟု စွပ်စွဲကာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေများက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ၃ မှုနဲ့စွဲချက်တင်လိုက်ပါတယ်။

အသက် ၈၀ အရွယ်ရှိ ဒူတာတေးကို ဇူလိုင် ၄ ရက်ကတည်းက စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး၊ စက်တင်ဘာ ၂၂ ရက်မှ ICC တရားရုံးက တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒူတာတေးဟာ မတ်လ ၁၁ ရက်က ဖိလစ်ပိုင်မြို့တော် မနီလာတွင် ဖမ်းဆီးခံခဲ့ရပြီး နယ်သာလန်နိုင်ငံ၊ ဟိတ်ဂ်မြို့ရှိ ICC အချုပ်ခန်းတွင် ထိန်းသိမ်းခံထားရပါတယ်။

ICC ရှေ့နေများက ဒူတာတေးကို ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဒါဗာအိုမြို့တော်ဝန်အဖြစ် တာဝန်ယူစဉ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူသတ်မှု ၁၉ မှု၊၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များမှာ သမ္မတတာဝန်ယူစဉ် ‘တန်ဖိုးမြင့်ပစ်မှတ်များ’ လို့သတ်မှတ်ခံရသူ မူးယစ်ဆေးဝါးလုပ်ငန်းများရဲ့ထိပ်တန်း နာမည်ကြီး ၁၄ ဦးကို သတ်ဖြတ်မှု နဲ့ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အောက်ခြေ မူးယစ်ဆေးသုံးစွဲသူ၊ရောင်းဝယ်သူလို့ စွပ်စွဲခံရသူများကို ရှင်းလင်းတဲ့ စစ်ဆင်ရေးများမှာ ကျူးလွန်ခဲ့တဲ့ လူသတ်မှု ၄၃ မှု တို့ကို အဓိကထား စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

#mercury#mercurynews#icc#ဒူတာတေး#တရားစွဲ