Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဖူဆယ်အာရှဖလားပြိုင်ပွဲတွင် မြန်မာအသင်းက မော်လ်ဒိုက်ကို ဂိုးပြတ်ဖြင့်အနိုင်ရ

ဖူဆယ်အာရှဖလားပြိုင်ပွဲ AFC-FUTSAL ASIAN CUP INDONESIA 2026မှာ မြန်မာအသင်းမှမော်လ်ဒိုက် အသင်းကို (၇)ဂိုး(၃)ဂိုးဖြင့်ဂိုးပြတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။

စက်တင်ဘာလ(၂၂)ရက်၊ညနေ(၄)နာရီမှာ မြန်မာလက်ရွေးစင်ဖူဆယ်အသင်းနဲ့ မော်ဒိုက်အသင်းတို့ဟာ MFF FUTSAL INDOOR STADIUMမှာကျင်းပခဲ့တာဖြစ်ပါတယ်။

၂၀၂၆အာရှဖူဆယ်ပြိုင်ပွဲမှာ မြန်မာအသင်းမှ ပွဲဦးထွက်ပြိုင်ပွဲအဖြစ် မော်လ်ဒိုက်အသင်းနဲ့ယှဉ်ပြိုင်ရတာဖြစ်ပြီး အာဖဂန်နစ္စတန်နဲ့လည်းယှဉ်ပြိုင်ရဦးမှာဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#ဖူဆယ်#မြန်မာ#အားကစား#အာရှဖူဆယ်ဖလား