၂၀၂၅ခုနှစ်၊မေလ၊(၂)ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်မှာ (၂)လကျော်ကြာ ပျောက်ဆုံးနေတဲ့ မဖူးဖူးရွှေစင်ကို သ၊တ်တဲ့ လူသတ်တရားခံလို့ သံသယရှိတဲ့မောင်ဝမ်းကွဲ အပါအဝင် လူ(၄)ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲဒီလို ဖမ်းဆီးစစ်ဆေးနေကြောင်းကို ဒေသခံ သတင်းထောက်ဖြစ်တဲ့မောင်ကောင်း(ဖျာပုံ)ရဲ့ ပြောကြားချက်အရ သိရတယ်လို့ မီဒီယာအချို့က ဖော်ပြထားပါတယ်။
သေဆုံးနေသော အလော-င်းအရိုးစုကို စိစစ်ရာမှာ သေဆုံးသူရဲ့လက်မှာ ဝတ်ဆင်ထားသော ဟန်းချိန်းကို တွေ့ရှိရာမှ မဖူးဖူးရွှေစင်ဖြစ်တာကို အတည်ပြုနိုင်ခဲ့ကြောင်း၊
မဖူးဖူးရွှေစင်ဟာ အင်္ကျီလက် ရှည်ဝတ်ဆင်ထားပြီး ရွှေဟန်းချိန်းကို သတ်ဖြတ်သူတွေက မတွေ့မြင်ဘဲ ကျန်ရစ်သွားခြင်းဖြစ်ကြောင်း၊
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာနေ မဖူးဖူးရွှေစင်သည် ဆိုင်ကယ်ဖြင့် ထွက်ခွာသွားစဉ် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
အဲဒီ့နောက် ၂ လကျော်အကြာ ဧပြီလ(၂၉)ရက်နေ့ ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာနဲ့ သကံဂွကြီး ကျေးရွာအနီး ဖျာပုံ- ဘိုကလေး ကားလမ်းဘေးတွင် လူအရိုးစုတစ်ခုကို တွေ့ရှိ စိစစ်ရာမှ ပျောက်ဆုံနေသူ မဖူးဖူးရွှေစင်ဖြစ်တာကို အတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
ဓါတ်ပုံ-Credit
#Mercury#mercurynews#ပြည်တွင်းသတင်း#ဖျာပုံမြို့နယ်#မှုခင်းသတင်း