Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ရွှေတောင်ကြားလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

၂၀၂၆၊ဖေဖော်ဝါရီလ၊၂၃ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ရွှေတောင်ကြားလမ်းမှာ မနေ့က ဖေဖော်ဝါရီလ၊၂၂ရက်၊ည၁၀နာရီ ၃၅မိနစ်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

မီးလောင်ရာကို တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ကြပါတယ်။

ည၁၀နာရီ ၅၀မိနစ်မှာတော့ မီးကို အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။