Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်း‌ထောင့်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

၂၀၂၅၊အောက်တိုဘာလ၊၂၅ရက်

ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် မီးပွိုင့် မှာ ယနေ့ (အောက်တိုဘာ ၂၅) ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်က ယာဉ်ရှောင်တိမ်းရာကနေ TOWNACE အမျိုးအစား အောက်ဆိုက်ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်မတော်တဆမှုကြောင့် လူတစ်ဦး သေဆုံးပြီး စုစုပေါင်း (၇) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဒဏ်ရာရရှိသူ စုစုပေါင်း (၆) ဦးနှင့် သေဆုံးသူ အမျိုးသား (၁) ဦးတို့ကို ရှင်သန်ရေးကူညီမှုအသင်း၊ကိုပူတူးအသင်း၊ဘိုကလေးဈေးအသင်း၊ကျောက်တံတားအရန်မီးသတ်တို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ယာဉ်တိမ်းမှောက်

#ပြည်တွင်းသတင်း