Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဗြိတိန်မှာ ရုရှားလျှို့ဝှက်စစ်ဆင်ရေးအဖွဲ့ခေါင်းဆောင်ကို ထောင်ဒဏ် ၁၁ နှစ်နီးပါး ချမှတ်

၂၀၂၅၊မေလ၊၁၃ရက်

ဗြိတိန်အခြေစိုက် ရုရှားလျှို့ဝှက်စစ်ဆင်ရေး အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးကို လန်ဒန်တရားရုံးမှာ ထောင်ဒဏ် ၁၀ နှစ် ၈ လအထိ ချမှတ်ခဲ့တယ်လို့ CNNသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အသက် ၄၇ နှစ်အရွယ် Orlin Roussev ဟာ ရုရှားအတွက် စစ်ရေးစစ်ရာမှာ အလုပ်လုပ်ပေးနေတဲ့ ဘူလ်ဂေးရီးယားနိုင်ငံသားများကို ပြည်ပမှ ဦးဆောင်နေတဲ့ Jan Marsalek နဲ့ ဆက်သွယ်ကာ လျို့ဝှက်စစ်ဆင်ရေးတွေကို ဦးဆောင်သူဖြစ်တယ်လို့ သိရပါတယ်။

တရားသူကြီး Nicholas Hilliard က Roussev ကို ၁၀ နှစ် ၈ လ ထောင်ဒဏ်ချခဲ့ပြီး သူ့ရဲ့ လုပ်ရပ်တွေက ဗြိတိန် အမျိုးသားလုံခြုံရေးအတွက် ကြီးမားတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်စေတယ်လို့ ပြောပါတယ်။

#mercury#mercurynews#ရုရှား#ဗြိတိန်#ပြည်တွင်းသတင်း