———————————————————————————————-
ဘင်္ဂလားဒေ့ရှ်မှမြန်မာငလျင်ဒဏ်ခံပြည်သူတွေအတွက် ဆေးဝါးတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိတဲ့ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း တွေမှာ အသုံးပြုဖို့အတွက် Bangladesh Pharmaceutical Society in Myanmar မှ ဆေးဝါးများ လှူဒါန်းပွဲကို မေလ(၁၂)ရက်မှာ အသင်းရန်ကုန်ရုံးခွဲမှာ ကျင်းပခဲ့ပါတယ်။
ဆေးဝါးလှူဒါန်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Dr. Md Monwar Hossain က Bangladesh Pharmaceutical Society in Myanmar မှ လှူဒါန်းသော ငွေကျပ် ၁၅၀၀၀၀၀၀ တန်ဖိုးရှိဆေးဝါးများကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်က လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
#Mercury#mercurynews#မြန်မာ#ကြက်ခြေနီ#ပြည်တွင်းသတင်း