Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘဏ္ဍာငွေဥပဒေ မပြဋ္ဌာန်းနိုင်တာကြောင့် အမေရိကန်အစိုးရ လုပ်ငန်းများ ရပ်ဆိုင်း၊ ဝန်ထမ်း (၇)သိန်းခွဲ ယာယီအနားပေး

အမေရိကန်ကွန်ဂရက်အမတ်များက ဖက်ဒရယ်ဘဏ္ဍာငွေ ဥပဒေကို နောက်ဆုံးအချိန်အထိ သဘောတူညီချက် မရရှိခဲ့တဲ့အတွက် အမေရိကန်အစိုးရဟာ (၇ )နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် လုပ်ငန်းများ ရပ်ဆိုင်း (Government Shutdown) သွားခဲ့ပြီဖြစ်ပါတယ်။

အခုရပ်ဆိုင်းမှုကြောင့် ဖက်ဒရယ်ဝန်ထမ်း ၇ သိန်းခွဲခန့်ကို အလုပ်မှ ခေတ္တအနားပေးလိုက်ရပြီး၊လစာမဲ့ အလုပ်ယာယီရပ်နားခြင်း သို့မဟုတ် အလုပ်ထုတ်ခံရခြင်း ဖြစ်နိုင်ပါတယ်။

ရပ်ဆိုင်းမှုကြောင့် အမျိုးသားဥယျာဉ်များနဲ့ ပြတိုက်များလည်း ပိတ်သွားနိုင်ကာ၊အရင်က ဖြစ်ပွားခဲ့တဲ့ ရပ်ဆိုင်းမှုများမှာ ဝန်ထမ်းရှားပါးမှုကြောင့် လေကြောင်းခရီးသွားလာရေး အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် နှစ်ဘက်စလုံးက အစိုးရရပ်ဆိုင်းမှုအတွက် တစ်ဖက်ကိုတစ်ဖက် အပြစ်ပုံချနေကြရာ အစိုးရလုပ်ငန်းများ ပြန်လည်စတင်ရန် လမ်းကြောင်းမှာ မရှင်းလင်းသေးပါဘူး။

အစိုးရအတွက် ငွေကြေးပေးမယ့် ဥပဒေကြမ်း အတည်ဖြစ်ရန် ဆီးနိတ်မှာ ထောက်ခံမဲ ၆၀ လိုအပ်တာကြောင့်လွှတ်တော်နှစ်ရပ်လုံးကို ရီပတ်ဘလီကန်များက ထိန်းချုပ်ထားနိုင်သော်လည်း ဒီမိုကရက်များရဲ့ထောက်ခံမဲကိုပါ လိုအပ်နေပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်က သဘောထားကွဲလွဲမှုအတွက် ဒီမိုကရက်များကို အပြစ်တင်ခဲ့ပြီး၊ ရပ်ဆိုင်းမှုဖြစ်ပွားပါက အစိုးရဝန်ထမ်းများကို အစုလိုက်အပြုံလိုက် အလုပ်မှထုတ်ပယ်မယ်လို့ ပြောထားပါတယ်။ဒါ့အပြင် ဒီမိုကရက်များအတွက် အရေးကြီးတဲ့ အစိုးရအစီအစဉ်များနဲ့ ဝန်ဆောင်မှုများကိုပါ ဖြတ်တောက်မယ်လို့ ပြောထားခဲ့ပါတယ်။

#mercury#mercurynews#အမေရိကန်#အစိုးရ#ရပ်ဆိုင်း