Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘန်ကောက်၊ယာဉ်သွားလမ်းမကြီးမှာ မြေပြိုကျပြီး ပေ ၁၆၀ ကျော်နက်တဲ့ မြေကျင်းဖြစ်သွား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Vajira ဆေးရုံအနီး ယာဉ်သွားလာရေးလမ်းမကြီးပေါ်မှာ ပေ ၁၆၀ ကျော် (မီတာ ၅၀ ဝန်းကျင်) နက်တဲ့ ကြီးမားမြေပြိုကျမှုတစ်ခု ဒီကနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းများအရ သိရပါတယ်။

ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာ ၂၄ ရက်) နံနက် ၇ နာရီ ၁၃ မိနစ်ခန့်က Vajira ဆေးရုံရှေ့နဲ့ Samsen ရဲစခန်းရှေ့ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မြေများဟာ ဆက်လက်ကျွံဝင်နေဆဲဖြစ်ကြောင်း ဒေသခံများက ဓာတ်ပုံများနှင့် ဗီဒီယိုများကို လူမှုကွန်ရက်တွင် မျှဝေထားကြပါတယ်။

မြေပြိုကျမှုကြောင့် လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရရှိသူမရှိသေးသော်လည်း၊ အာဏာပိုင်များက မြေပြိုကျရာနေရာအနီးရှိ လမ်းများအားလုံးကို ယာယီပိတ်ပင်ထားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

#mercury#mercurynews#ထိုင်း#ဘန်ကောက်#မြေပြိုကျ#အာဆီယံ