၂၀၂၅ခုနှစ်၊မေလ၊(၇)ရက်
ဘရာဇီးနိုင်ငံမှလည်း မြန်မာငလျင်ဘေးသင့်ဒေသများအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ အာဟာရပြည့်အစားအစာခြောက်များ၊ ရေသန့်စက်တွေ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
အဲဒီ့လှူဒါန်းမှုပစ္စည်းတွေကို Korean Air လေကြောင်းမှ Airbus A330-300 အမျိုးအစား လေယာဉ်ဖြင့်မေ ၅ ရက် ည ၇ နာရီ ၃၀ မိနစ်မှာ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာတာဖြစ်ပါတယ်။
ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံမှလှူဒါန်းသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အာဟာရပြည့်အစားအစာခြောက်များ၊ ရေသန့်စက်များ စုစုပေါင်း (၁၃) ပုံး၊ ၅၈၂၀ Kg ကိုငလျင်ဒဏ်သင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
#mercury#mercurynews#ဘရာဇီးလ်#ပြည်တွင်းသတင်း