Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘာဂရမ်လေတပ်အခြေစိုက်စခန်းကို ပြန်ပေးရန် ထရမ့်ရဲ့ဖိအားပေးမှုကို တာလီဘန်ငြင်းဆို

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ခြိမ်းခြောက်ပြောဆိုမှုများကို လက်မခံဘဲ အာဖဂန်နစ္စတန်ရှိ ဘာဂရမ်လေတပ်အခြေစိုက်စခန်းကို အမေရိကန်လက်ထဲသို့ ပြန်လည်ပေးအပ်မှာမဟုတ်ကြောင်း တာလီဘန်အစိုးရက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

ဆိုဗီယက်ယူနီယံက ၁၉၅၀ ပြည့်လွန်နှစ်များမှာ တည်ဆောက်ခဲ့တဲ့ အဆိုပါလေတပ်အခြေစိုက်စခန်းကို ဆိုဗီယက်တပ်များ ထွက်ခွာပြီးနောက် အမေရိကန်က အကြီးစား ပြုပြင်မွမ်းမံခဲ့ကာ၂၀၂၁ ခုနှစ် သမ္မတ ဘိုင်ဒင်အစိုးရလက်ထက်မှာ‌တော့ အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ အပြီးအပိုင်ထွက်ခွာပြီးနောက် တာလီဘန်တို့က ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ဘက်ကတော့ လက်ရှိမှာ တာလီဘန်တို့က ဘာဂရမ်လေတပ်အခြေစိုက်စခန်းကို တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တရုတ်က စီမံခန့်ခွဲနေကြောင်း စွပ်စွဲ‌ ပြောဆိုနေပါတယ်။သို့သော် တာလီဘန်တို့ကမူ ထိုစွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း ငြင်းပယ်ထားခဲ့ပါတယ်။

#mercury#mercurynews#အမေရိကန်#တာလီဘန်#နိုင်ငံတကာသတင်း