Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘားအံမြို့တွင် ဆီဆိုင်မီးလောင်မှုဖြစ်ပွား၊ မီးသတ်ယာဉ် ၁၅ စီးဖြင့် ငြှိမ်းသတ်ခဲ့ရ

၂၀၂၅၊အောက်တိုဘာလ၊၂၈ရက်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်၊ ဘားအံ-ကော့ကရိတ်လမ်းမပေါ်မှာ ယနေ့ (အောက်တိုဘာ ၂၈) ရက်၊ နေ့လယ် ၁ နာရီက ဆီဆိုင်တစ်ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်မှုသတင်းရရှိတာနဲ့တစ်ပြိုင်နက် ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် ဘားအံမြို့နယ်မီးသတ်စခန်းတို့က မီးသတ်ယာဉ် စုစုပေါင်း (၁၅) စီး နဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာမီးငြှိမ်းသတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မီးလောင်မှုဖြစ်ပွားပြီး ၁၅ မိနစ်အကြာ၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ ၁ နာရီ ၄၂ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ် နိုင်ခဲ့ကြောင်း ဆောင်ရွက်ခဲ့ကြရတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

#mercury#mercurynews#ဘားအံ#မီးလောင်#ပြည်တွင်းသတင်း