Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဘုန်းကြီးလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အထပ်မြင့် ၇ လွှာမှ လေအေးပေးစက်ပြုပြင်သူတစ်ဦး ပြုတ်ကျသေဆုံး

၂၀၂၅၊ဇူလိုင်လ၊၁၅ရက်

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနဲ့ ကမ်းနားလမ်းထောင့်ရှိ အလှပြင်ဆိုင် ဖွင့်လှစ်ထားတဲ့ အထပ်မြင့် ၇ လွှာ ကနေ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၁၁ နာရီကျော် အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ပြုတ်ကျသေဆုံးခဲ့သူ အမျိုးသားဟာ လေအေးပေးစက် ပြုပြင်တပ်ဆင်ရင်း မတော်တဆ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ အမျိုးသားဟာ အသက်သုံးဆယ်ဝန်းကျင်ရှိပြီး လေအေးပေးစက် တပ်ဆင်ပြုပြင်သူဖြစ်တယ်လို့ အခင်းဖြစ်ပွားရာ မြေပြင်ကို အကူအညီပေးဖို့ သွားရောက်ခဲ့တဲ့ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

#mercury#mercurynews#မှုခင်း#မြန်မာ#ပြည်တွင်းသတင်း