မကွေးမြို့၊ ကံပြာ-မြို့သစ်ပိုင်း၊ မိုင်တိုင် ၅၉/၁ ဖာလုံ၊ ရေပြည့်ကျေးရွာအနီးမှာ ဇူလိုင် ၆ ရက်နေ့ နေ့လယ် ၃ နာရီခွဲကျော် အချိန်က သံဃာတစ်ပါး မောင်းနှင်လာတဲ့ကားတစ်စီးဟာ ဆိုင်ကယ်ကို ရှောင်တိမ်းရင်း အရှိန်လွန်ပြီး လမ်းဘေးကို ထိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။
လမ်းဘေးကို ထိုးကျခဲ့တဲ့ ကားမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပေမဲ့၊ ကားပေါ်ပါလာတဲ့ သံဃာနှစ်ပါးနဲ့ အမျိုးသမီးတစ်ဦးတို့မှာတော့ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ဘူး လို့ မျက်မြင်တွေ့ရှိခဲ့တဲ့သူတစ်ဦးကပြောပါတယ်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာကို မြို့ခံလူမှုကူညီရေးအသင်းက သွားရောက်ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
#mercury#mercurynews#မှုခင်း#မြန်မာ#ပြည်တွင်းသတင်း