Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မကွေး၊မင်းဘူး အောက်စက်တော်ရာဘုရားတွင် ရေကြီးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မန်းချောင်းရေလျှံပြီး အောက်စက်တော်ရာဘုရားမှာ ရေ၀င်ရောက်မူဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ(၂၅)ရက်၊၀၇ ၃၀အချိန်ခန့်မှာ ရေ၀င်ရောက်မူဖြစ်ပွားခဲ့တာဖြစ်ပြီး ရွှေစက်တော်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် မန်းချောင်းတစ်လျှောက်ရှိ နေအိမ်များအား ကူညီရွှေ့ပြောင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဒီ့အပြင်၂၅.၉.၂၀၂၅ ရက်နေ့၊ ၀၈ ၀၀ အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းဘူး-စကုကားလမ်းပေါ်တွင် ရေကျော်ပြီး လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် စကုနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ခရီးသွားပြည်သူများ သွားလာရလွယ်ကူစေရန်အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

#Mercury#ပြည်တွင်းသတင်း#ရေကြီး#မင်းဘူး#အောက်စက်တော်ရာ