ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းပေါ် ဒီဇင်ဘာလ ၂၅ ရက်နေ့၊ ည (၁၀) နာရီ (၃၈) မိနစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ပြည်လမ်းရှိ ရွှေညောင်ပင်မှတ်တိုင်အနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများသွားရာက်ဆောင်ရွက်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့တဲ့ အမျိုးသား (၂) ဦးကို ရွှေဧကရာဇ်လူမှုကူညီရေးအသင်း နှင့် ဗာကုလလူမှုကူညီရေးအသင်း တို့မှ လူနာတင်ယာဉ်များဖြင့် အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
#mercury#mercurynews#မြန်မာ#ယာဉ်တိုက်မှု#ပြည်တွင်းသတင်း
