၂၀၂၆၊မတ်လ၊၂၆ရက်
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊မင်္ဂလာဒုံစက်မှုဇုန်ဝန်းမှာ ယနေ့ မနက်အစောပိုင်း ၁၂နာရီ ၁၀မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်ရာကို မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ ယာဉ်အုပ်စုများ ထွက်ခွာမီးငြိမ်းသတ်ခဲ့ကြရာ ၁၂နာရီ ၁၅မိနစ်မှာ Level 1 ယာဉ်အုပ်စုများ ထွက်ခွာမီးငြိမ်းသတ်ခဲ့ပြီး ၁၂နာရီ ၅၀ အချိန် Level 2 ယာဉ်အုပ်စုများထွက်ခွာမီးငြိမ်းသတ်ခဲ့ကြရပါတယ်။
နံနက် ၂နာရီ ၂၈မိနစ်အချိန်မှာ မီးကို ထိန်းနိုင်ခဲ့ပြီး နံနက် ၃နာရီ ၃၃မိနစ်မှာတော့ မီးကို အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
