အမေရိကန်ပြည်ထောင်စု၊ မစ်ချီဂန်ပြည်နယ်၊ Grand Blanc မြို့ရှိ ယေရှုခရစ်တော် ဘုရားကျောင်း (Church of Jesus Christ of Latter-day Saints) မှာ မနေ့က (စက်တင်ဘာ ၂၈ ရက်) တနင်္ဂနွေ ဝတ်ပြုချိန်အတွင်း သေနတ်သမားတစ်ဦးရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူလေးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်မှာ လူရာပေါင်းများစွာ ဘုရားကျောင်းမှာ ရှိနေစဉ်၊ သေနတ်သမားဟာ စီးနင်းလာတဲ့ ယာဉ်ကို အဆောက်အအုံထဲကို မောင်းဝင်လာပြီးနောက် ရိုင်ဖယ်သေနတ်ဖြင့် ဘုရားကျောင်းအတွင်းရှိ လူများကို အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုအပြီးမှာလည်း အဆောက်အအုံကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
သေနတ်သမားကို ဘုရားကျောင်းကားပါကင်မှာ ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့ပါတယ်။သေနတ်သမား ဟာ မစ်ချီဂန်ပြည်နယ်၊ Burton မြို့မှ အသက် ၄၀ အရွယ် Thomas Jacob Sanford အဖြစ် သိရှိရပြီး အာဏာပိုင်များက ယခုဖြစ်ရပ်ကို “ပစ်မှတ်ထားတိုက်ခိုက်မှု” အဖြစ် စုံစမ်းစစ်ဆေးနေသော်လည်း တိုက်ခိုက်ရသည့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က စုံစမ်းစစ်ဆေးမှုကို FBI က ဦးဆောင်မှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ သူ့ရဲ့ Truth Social စာမျက်နှာမှာ အခုဖြစ်ရပ်ကို “အမေရိကန်ပြည်ထောင်စုရှိ ခရစ်ယာန်များအပေါ် ထပ်မံ ပစ်မှတ်ထားတိုက်ခိုက်မှု” တစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။
#mercury#mercurynews#မစ်ချီဂန်#အမေရိကန်#ပစ်ခတ်မှု#နိုင်ငံတကာသတင်း