မန္တလေးတိုင်း၊ မတ္တရာမြို့အနီးမှာ အင်အားပမာဏအဆင့်ရှိ ၅.၅ ရစ်(ခ်)တာစကေးအဆင့်ရှိ ငလျင်တစ်ခုလှုပ်သွားခဲ့တယ်လို့ သိရပါတယ်။
ယနေ့ မွန်းလွဲ ၄နာရီအချိန်ခန့်က မတ္တရာမြို့ရဲ့ အနောက်မြောက်ဘက် (၆) မိုင်ခန့်အကွာ မြေအောက် အနက် ၁၈ ကီလိုမီတာမှာ ဗဟိုပြုပြီး အင်အားပမာဏအဆင့်ရှိ ၅.၅ ရစ်(ခ်)တာစကေးအဆင့်ရှိ ငလျင်တစ်ခုလှုပ်သွားခဲ့ကြောင်း မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကလည်း ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၁၆ရက်နေ့မှာလည်း အင်အား၄.၉ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်သွားခဲ့သလို နောက်ဆက်တွဲ ငလျင်တွေ အချိန်ကာလတစ်ခု အထိလှုပ်နိုင်သေးကြောင်း ငလျင်ပညာရှင်တွေက သုံးသပ်ထားပါတယ်။
#MERCURY#mercurynews#မြန်မာ#ငလျင်#ပြည်တွင်းသတင်း