Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေးတိုင်းနှင့်ပဲခူးတိုင်းထဲ ငလျင်ထပ်လှုပ်ခတ်၊နောက်ဆက်တွဲငလျင်(၂၃၂)ကြိမ်ရှိပြီဖြစ်

မန္တလေးတိုင်း၊စဥ့်ကူးမြို့အနီးဗဟိုပြုပြီး အင်အား ၃.၅ ရစ်(ခ်)တာစကေးအဆင့်ရှိငလျင်ဟာစက်တင်ဘာလ(၁၂)ရက်ညပိုင်းမှာလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီ့အပြင် ပဲခူးတိုင်း၊ရေတာရှည်မြို့ရဲ့အနောက်ဘက်(၂၀) မိုင်ခန့်မှာဗဟိုပြုပြီးတော့ အင်အားပမာဏ ၃.၂ ရစ်(ခ်)တာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။

မတ်လ(၂၈)ရက်က အင်အားပြင်းငလျင်လှုပ်ပြီးနောက် နောက်ဆက်‌တွဲ ငလျင်‌တွေဆက်တိုက် လှုပ်လာတာဟာ အခုဆိုရင် နောက်ဆက်တွဲငလျင်(၂၃၂)ကြိမ်လှုပ်ခတ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ငလျင်#ပြည်တွင်းသတင်း