Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေးတိုင်း၊မတ္တရာမြို့နယ်တွင်(၃.၁) ရစ်(ခ်)တာစကေးရှိငလျင်လှုပ်

———————————-

၂၀၂၅ခုနှစ်၊ဇွန်လ၊(၂၄)ရက်

မန္တလေးတိုင်း၊မတ္တရာမြို့နယ်မှာအင်အား(၃.၁) ရစ်(ခ်)တာစကေးရှိငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်ဌာနခွဲမှ သိရပါတယ်။

ဇွန်လ(၂၄)ရက် ၁၁း၀၆း၅၀ အချိန်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အခုလှုပ်ခတ်တဲ့ငလျင်က မတ်လ(၂၈)ရက်က ၇.၇အင်အားပြင်းငလျင်ပြီးနောက်လှုပ်ခတ်တဲ့ နောက်ဆက်တွဲငလျင်ဖြစ်ပြီး ၁၉၃ကြိမ်မြောက်လှုပ်ခတ်တာဖြစ်တယ်လို့ သိရပါတယ်။

မူရင်းဓါတ်ပုံပိုင်ရှင်ကို creditပေးပါသည်။

#mercury#mercurynews#ငလျင်#မြန်မာ#မတ္တရာ#ပြည်တွင်းသတင်း