Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေးနှင့် အနီးတစ်ဝိုက်တွင် အင်အား ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်

၂၀၂၅၊ဇူလိုင်လ၊၃ရက်

ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က မန္တလေး၊ ကျောက်ဆည်နှင့် ပြင်ဦးလွင် (မေမြို့) တို့မှာ မဂ္ဂနီကျူ ၄.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

မန္တလေးမြို့ခံများက ယနေ့နံနက်ပိုင်း ငလျင်ကို အင်အားပြင်းပြင်း ခံစားခဲ့ရကြောင်း ပြောဆိုခဲ့ကြပါတယ်။ “မနက်က ငလျင်က သိသာတယ်။အိမ်နားကလူတွေအကုန် အော်ဟစ်ပြေးထွက်နေကြတာ” လို့မန္တလေးမြို့ခံတစ်ဦးက ပြောပြခဲ့ပါတယ်။ ပြင်ဦးလွင်မြို့က ဒေသခံအချို့ကလည်း အလားတူ ပြောဆိုနေကြတယ်။

မတ်လ ၂၈ရက် ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနောက်ပိုင်းမှာ နောက်ဆက်တွဲငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေပြီး အချိန်ကာလအားဖြင့် နှစ်ချီကြာမြင့်နိုင်တယ်လို့ ငလျင်ပညာရှင်တွေက သုံးသပ်နေကြပါတယ်။

#mercury#mercurynews#ငလျင်#မြန်မာ#ပြည်တွင်းသတင်း