Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေးမြို့ အနီးမှာ အင်အား ၃.၈ အဆင့်ရှိ ငလျင်လှုပ်

၂၀၂၆၊ဇန်နဝါရီလ၊၁၇ရက်

မန္တလေးမြို့ရဲ့ အနီးမှာ ယနေ့ နေ့လည် ၁နာရီ ၄၇မိနစ်ခန့်က အင်အား ၃.၈ ရစ်(ခ်)တာစကေး အဆင့်ရှိ ငလျင်လှုပ်သွားကြောင်းသိရပါတယ်။

မန္တလေးမြို့ရဲ့ အနောက်မြောက်ဘက် (၆) မိုင်ခန့်အကွာ မြေအောက်အနက်၁၅ ကီလိုမီတာ မှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့ပေါ်အပါအဝင် အနီးတစ်ဝိုက်မှာလည်း ငလျင်ကို သိသိသာသာခံစားခဲ့ရကြောင်းလည်း ဒေသခံတွေက လှုမှုကွန်ရက်ပေါ်မှာ ဖော်ပြနေကြပါတယ်။