Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် မွေ့ယာပေါ် ဖုန်းအားသွင်းရာမှ မီးလောင်မှုဖြစ်ပွား

၂၀၂၅၊အောက်တိုဘာလ၊၁၁ရက်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ မွေ့ယာပေါ်မှာ ဖုန်းအားသွင်းဖို့အတွက် ယာယီသွယ်တန်းထားတဲ့ မီးပလပ်ခုံ အပူလွန်ကဲရာကနေတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၉ လမ်း၊ ၃၉D လမ်းနဲ့ ၃၉E လမ်းကြားရှိ သွပ်မိုး၊ ထရံကာ၊ တစ်ထပ်အဆောက်အဦ လူနေအိပ်ခန်းအတွင်းမှာ အောက်တိုဘာလ ၁၀ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်ခန့် က မီးလောင်မှုစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ယာယီမီးပလပ်ခုံ ကို မွေ့ယာပေါ်တွင်ထားရှိပြီး ဖုန်းအားသွင်းခဲ့ရာမှ ပလပ်ခုံ အပူလွန်ကဲလာပြီး အောက်ခြေရှိ မွေ့ယာကနေ မီးစတင်လောင်ကျွမ်း ခဲ့တာ ဖြစ်ကာ Level-1 ယာဉ်အုပ်စု အနေနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးတို့ ပါဝင်တဲ့ အင်အားများစွာနဲ့ ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၇ နာရီ ၄၂ မိနစ် မှာ မီးကို ထိန်းချုပ်နိုင်ခဲ့ ပြီး၊ နံနက် ၇ နာရီ ၄၆ မိနစ် မှာတော့ မီးလုံးဝငြိမ်းသွားခဲ့ ပါတယ်။

မီးလောင်မှုကြောင့် ၃၅ ပေ × ၂၀ ပေ ကျယ်ဝန်းတဲ့ အဆိုပါ သွပ်မိုး၊ ထရံကာ၊ တစ်ထပ်အဆောက်အဦတစ်ခုလုံး နဲ့ အိမ်အတွင်းပစ္စည်းများ၊ ဆိုင်ကယ် နှစ်စီး တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

#mercury#mercurynews#မြန်မာ#မီးလောင်#ပြည်တွင်းသတင်း