Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေး ပြည်ကြီးတံခွန်မှာ ငလျင်ထပ်လှုပ်


မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်နဲ့ အနီးတစ်ဝိုက်မှာ ယနေ့ စက်တင်ဘာ ၁ရက်နေ့ နေ့လည် ၂နာရီ၁၂မိနစ် ခန့်က ငလျင်လှုပ်သွားကြောင်း သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်ရဲ့ အရှေ့-အရှေ့တောင်ဘက် (၈) မိုင်အကွာ မြေအောက်အနက် ၁၉ ကီလိုမီတာကိုဗဟိုပြုပြီး အင်အားပမာဏ ၃.၁ ရစ်(ခ်)တာစကေးနဲ့ လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

မတ်လ ၂၈ရက်နေ့ မန္တလေးငလျင်ကြီး နောက်ပိုင်း မန္တလေးနဲ့ အနီးတစ်ဝိုက် အပါအဝင် ဒေသအများအပြားမှာ နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်လှုပ်ခဲ့ပြီး အကြိမ်ရေ ၂၂၄ကြိမ်အထိ ရှိလာပြီဖြစ်ပါတယ်။