ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေး Sky Villa အဆောက်အဦးအောက်ကနေ ကျပ်သိန်းပေါင်း ၆၅၀ကျော်နဲ့ ရွှေ ၁၃၇ ကျပ်သားကျော် ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Sky Villa အဆောက်အဦး B အဆောင် အခန်းအမှတ် H 7ကနေ မြန်မာငွေ ၉၅,၁၈၅,၀၀၀ ကျပ်၊ ၊ ရွှေ(၁၀)ကျပ်သား (၉)တုံး၊ (၅)ကျပ်သား (၄)တုံး၊ (၆)ကျပ်သား (၁)တုံး၊ (၃)ကျပ်သား (၃)တုံး၊ (၂)ကျပ်သား (၃)တုံး၊ (၁)ကျပ်သား (၅)တုံး၊ (၅)မူးသား (၂)တုံး၊ ရွှေဆွဲကြိုး (၅)ကုံး၊ ပလက်တီနမ်ဆွဲကြိုး (၂)ကုံး၊ ဟန်းချိန်း(၁)ခု၊ နားကပ်(၁)ရံ၊ ရွှေဆွဲသီး (၄)ခု၊ ရွှေဆံညှပ်(၁)ခု၊ ရွှေဟန်းချိန်း(၃)ကွင်း၊ ရွှေလက်ကောက်(၁)ကွင်း၊ ရွှေလက်စွပ်(၄)ကွင်း၊ ပယင်းလက်စွပ်(၁)ကွင်း၊ ရွှေနားဆွဲ(၁)ရံ၊ ရွှေဖြူမှုန့်(၂)ထုပ်၊ Car owner book (၁)ခု၊ အိမ်ထောင်စုဇယား(၁)ခု၊ အရောင်းအဝယ်စာချုပ်(၃)ခုတို့ကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက တန်ဖိုးကြီးပစ္စည်းများကို ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတဆင့် ပိုင်ရှင်ဖြစ်သူဆီ လွဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ငလျင်#skyvilla