Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန္တလေး Sky Villa အဆောက်အဦးအောက်မှ တန်ဖိုးကြီး ပစ္စည်းများ ပြန်လည်လွှဲပြောင်းပေးအပ်

၂၀၂၅၊ဇွန်လ၊၁၁ရက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ပြိုကျအဆောက်အဦးမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း B ဆောင်၊ အခန်းအမှတ် W-5 မှ ရှာဖွေတွေ့ရှိခဲ့တဲ့ တန်ဖိုးကြီးပစ္စည်းများကို ပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဟာ စက်ယန္တရားများအသုံးပြုကာ ကျန်ရှိရုပ်အလောင်းများ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မြန်မာငွေကျပ် ၁၆,၂၆၀,၀၀၀ (တစ်ရာခြောက်ဆယ့်နှစ်သိန်းခြောက်သောင်း)၊ တရုတ်ငွေ (၁၀၀) တန် (၁၀၁) ရွက်၊ ပုလဲလည်ဆွဲ (၁) ကုံး၊ ပုလဲလက်ပတ် (၁) ခု၊ ဖီချူး (၁) ခု၊ ကျောက်လက်ပတ် (၁) ခု၊ ကျောက်ဆွဲသီး (၂) ခု၊ ပလက်တီနမ်ဆွဲကြိုး (၁) ကုံး၊ ကျောက်လက်ပတ် အပြတ် (၁) ခု၊ နာရီ (၁) လုံး၊ မှတ်ပုံတင် (၁) ခု၊ စမတ်ကဒ် (၂) ခု၊ COVID ကာကွယ်ဆေးထိုးလက်မှတ် (၁) ခု၊ Passport (၁) အုပ်၊ ဘဏ်စာအုပ် (၁) အုပ်၊ အခြားစာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တန်ဖိုးကြီး၊အရေးကြီး ပစ္စည်းများကို ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတစ်ဆင့် ပိုင်ရှင်ထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

#mercury#mercurynews#ငလျင်#SkyVilla#ပြည်တွင်းသတင်း