Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား ရာသီကုန်တွင် အသင်းမှထွက်ခွာမည်

၂၀၂၆၊ဧပြီလ၊၆ရက်


မန်စီးတီးအသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ ယခုနှစ် ရာသီကုန်မှာ အသင်းကနေ Free Agent နဲ့ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာသွားခဲ့ပါတယ်။


ဘာနာဒိုဟာ မန်စီးတီးကစားသမားဘဝအတွင်း UCL ဆုဖလား ၊ ပရီးမီးယားလိဂ်ဆုဖလားတွေအပါအဝင် ဆုဖလားပေါင်း 19 ခုရရှိထားခဲ့ပြီး ပွဲပေါင်း 450 ကစား ၊ 76 ဂိုးသွင်း ၊ 77 ကြိမ်ထိ ဂိုးဖန်တီးထားခဲ့ပါတယ်။


လက်ရှိမှာတော့ ဘာနာဒိုဆေးလ်ဗားကို ဉရောပအသင်းတွေအပြင် ဆော်ဒီလိဂ်၊မေဂျာလိဂ်တို့က အသင်းတွေက ခေါ်ယူဖို့ကြိုးစားလျှက်ရှိပါတယ်။