Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန်ယူနိုက်တက်အနေနဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးအထိပေးပြီး Bryan Mbeumo ကို ခေါ်ယူမှာ မဟုတ်

၂၀၂၅၊ဇွန်လ၊၁၆ရက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး Bryan Mbeumoကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့် အမှုဆောင်အရာရှိချုပ် (CEO) Omar Berrada သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးစံနှုန်းထက် ဘရန့်ဖို့ဒ်ဘက်က ပိုမိုတောင်းဆိုလာပါက ခေါ်ယူသွားမှာမဟုတ်ကြောင်း ခိုင်မာတဲ့ သတင်းတွေအရ သိရပါတယ်။

ယူနိုက်တက်ဘက်က ကစားသမားခေါ်ယူမှုမှာ ငွေကြေးသုံးစွဲမှုကို ပိုမိုစည်းကမ်းရှိဖို့ ရည်ရွယ်ထားပြီး အမှုဆောင်အရာရှိချုပ် (CEO) Omar Berradaရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့ နေရာမှာရှိနေပါတယ်။

ယူနိုက်တက်ဘက်က Mbeumoကို မခေါ်ယူနိုင်ခဲ့ပါက အစားထိုးပစ်မှတ်အဖြစ် ဘုန်းမောက်မှ Antoine Semenyo နှင့် ခရစ္စတယ်ပဲလေ့စ်မှ Eberechi Eze တို့ကို သတ်မှတ်ထားကြောင်းသတင်းတွေအရ သိရပါတယ်။

#mercury#mercurynews#မန်ယူ#အားကစား#Mbeumo