ချဲလ်ဆီးအသင်းဟာ မန်ယူနိုက်တက်အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။
ယခင်သတင်းတွေအရ မန်ယူနိုက်တက် နည်းပြ အမိုရင်ဟာ ဂါနာချိုကို အသင်းသစ်ရှာဖို့ ပြောထားပြီး ဂါနာချို ကိုယ်တိုင်ကလည်း မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ရှိသလို နာပိုလီ၊ချဲလ်ဆီးတို့နဲ့ အပြောင်းအရွေ့ သတင်းတွေ ထွက်ပေါ်နေတာပါ။
ချဲလ်ဆီးဘက်က မန်ယူနိုက်တက်မှာ တစ်ပတ်ပေါင် ငါးသောင်းသာ ရတဲ့ ဂါနာချိုကို ပြောင်းရွေ့ကြေး ပေါင်သန်း ၄၀လောက်နဲ့ရနိုင်ရင် ခေါ်သွားဖို့ စောင့်ကြည့်နေတာဖြစ်တယ်လို့ သိရပါတယ်။
#mercury#mercurynews#manu#chelsea#garnacho