မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တော်လှကျေးရွာမှာ ယနေ့ (အောက်တိုဘာ ၃၀) ရက်၊ နေ့လယ် ၁၂ နာရီက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာ နေရာကို အမရပူရမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကို တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး နေ့လယ် ၁ နာရီ ၀၆ မိနစ်အချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#မြန်မာ#မီးလောင်#ပြည်တွင်းသတင်း
