ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ မြစပယ်လမ်းမှာ ဒီနေ့နံနက်ပိုင်းက Wifi ကြိုးတပ်ဆင်နေတဲ့ လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဒီနေ့နံနက် ၉ နာရီခန့်က အသက် ၁၈ နှစ်အရွယ် မောင်… ဟာလှေကားထောင်ကာ Wifi ကြိုးများ တပ်ဆင်နေစဉ် ဓာတ်လိုက်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့ (ရန်ကုန်) က လူနာတင်ယာဉ်ဖြင့် အချိန်မီရောက်ရှိခဲ့သော်လည်း လူနာမှာ အသက်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ မိသားစုဝင်များရဲ့ အကူအညီနဲ့ မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
#mercury#mercurynews#မှုခင်း#မြန်မာ#ပြည်တွင်းသတင်း