မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ကူလိုင်အင်တာပူရမြို့ရှိ စားသောက်ဆိုင်နှစ်ဆိုင်ကို အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ရာ တရားဝင်အထောက်အထားမဲ့ လုပ်သားများဟု ယူဆရသူ (၆၂) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း မလေးရှား မီဒီယာများက ဖော်ပြပါတယ်။
အောက်တိုဘာလ (၁၂) ရက်၊ ညနေ (၇) နာရီခန့်မှာ မလေးရှား အာဏာပိုင်တွေက စားသောက်ဆိုင်နှစ်ဆိုင်ကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး စားသောက်ဆိုင်နှစ်ဆိုင်က အလုပ်သမားများအားလုံးနီးပါးဟာ တရားဝင်အထောက်အထားများ ပြသနိုင်ခြင်းမရှိတဲ့အတွက် ဖမ်းဆီးခံရခြင်းဖြစ်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူ (၆၂) ဦးထဲမှာ မြန်မာနိုင်ငံသား စုစုပေါင်း (၄၅) ဦး ပါဝင်ပြီး အမျိုးသား (၃၀) ဦး၊ အမျိုးသမီး (၁၄) ဦးနှင့် အသက် (၃) နှစ်အရွယ် ကလေးငယ် (၁) ဦးတို့ဖြစ်ပါတယ်။အခြားနိုင်ငံသားတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၃) ဦး၊အင်ဒိုနီးရှားနိုင်ငံသား (၈) ဦး၊နီပေါနိုင်ငံသား (၁) ဦး၊သီရိလင်္ကာနိုင်ငံသား (၁) ဦး၊အိန္ဒိယနိုင်ငံသား (၂) ဦး၊ဗီယက်နမ်နိုင်ငံသူ ၂ဦး တို့ဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။
ယခု စီးနင်းဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသူတွေကို မလေးရှားလူဝင်မှုကြီးကြပ်ရေး ဥပဒေများအရ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း မလေးရှားမီဒီယာတွေကဖော်ပြပါတယ်။
#mercury#mercurynews#အလုပ်သမား#တရားမဝင်#မြန်မာ#မလေးရှား