Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မာဒါဂတ်စကာ သမ္မတ ရာဂျိုလီနာ နိုင်ငံတွင်းမှ ထွက်ပြေး၊ဆန္ဒပြသူများဘက် စစ်တပ် ရပ်တည်မှုကြောင့် အစိုးရပြုတ်ကျ

၂၀၂၅၊အောက်တိုဘာလ၊၁၅ရက်

အာဖရိက ကျွန်းနိုင်ငံဖြစ်တဲ့ မာဒါဂတ်စကာနိုင်ငံမှာ Gen Z မျိုးဆက် ဆန္ဒပြသူများဘက် စစ်တပ်က ရပ်တည်ပေးခဲ့ပြီးနောက် သမ္မတ အန်ဒေရ ရာဂျိုလီနာ (Andry Rajoelina)ဟာ နိုင်ငံတွင်းကနေ ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

သမ္မတ ရာဂျိုလီနာဟာ စစ်သားများက ဆက်လက်ထောက်ခံမှုမပြုတော့ဘဲ ဆန္ဒပြသူများနဲ့ ပူးပေါင်းခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကတည်းက နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်တွင်း အတိုက်အခံအင်အားစု ခေါင်းဆောင် ဆစ်တ်နေ ရန်ဒရီယာနာဆိုလိုနီယာအိုင်ကိုက အတည်ပြု ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲများဟာ နိုင်ငံအတွင်း ရေနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများကို အခြေခံခဲ့ပြီး အကျင့်ပျက်ခြစားမှုများ၊ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးနှင့် အခြေခံ ဝန်ဆောင်မှုများ မရရှိနိုင်ခြင်းတို့လို ပိုမိုကျယ်ပြန့်တဲ့ မကျေနပ်မှုများအပေါ် အုံကြွမှုအဖြစ် အရှိန်မြင့်လာခဲ့ထာဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မှတ်တမ်းများအရ ဆန္ဒပြပွဲများအတွင်း အနည်းဆုံး လူ (၂၂) ဦး သေဆုံးခဲ့ရပါတယ်။ မာဒါဂတ်စကာနိုင်ငံမှာ လူဦးရေ သန်း ၃၀ ခန့် နေထိုင်ကြပေမယ့်လည်း၊ နိုင်ငံ့လူဦးရေရဲ့ လေးပုံသုံးပုံခန့်မှာ ဆင်းရဲနွမ်းပါးမှုမှာ ရုန်းကန်နေကြရပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#မာဒါဂတ်စတာ#အစိုးရပြုတ်ကျ