၂၀၂၅ခုနှစ်၊ဇွန်လ(၂)ရက်
မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၌ ခရီးသည်တင်ယာဉ်Expressမှောက်ပြီး (၆)ဦးေ-သဆုံးကာ(၁၁)ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
၂.၆.၂၀၂၅ ရက်နေ့၊ ၀၃ ၃၀ အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၄မိုင်၊ ၃ဖာလုံနှင် ၄ဖာလုံကြား)မှာ Express ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားတာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကို မိတ္ထီလာခရိုင်မီးသတ်စခန်းမှ Rescue & Towing ပိုလန်ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ် (၁)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ေ-သဆုံးသူ (၆)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၁)ဦးတို့အား ကြက်ခြေနီသူနာတင်ယာဉ်၊ ပြည်သာယာ(တောင်)လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်တို့ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း မိတ္ထီလာမြို့ပျော်သွယ် ဘက်အထွက် လမ်းမကြီးမှာလည်းမိုးသည်းထန်စွာရွာသွန်မှုကြောင့်မိတ္တီလာ ကန်ဘောင်ကြီး မြေပြိုမှုဖြစ်ပွားနေလို့ သတိထားသွားလာဖို့ လိုအပ်တယ်လို့ သိရပါတယ်။