မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းအနီးရှိ လေယာဉ်ရုပ်ကြီးအကျော် နေရာမှာ ကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြားသူများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ လူနာများနှင့် သေဆုံးသူ အမျိုးသမီးတို့ကို မိတ္ထီလာပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#မှုခင်း#ယာဉ်တိုက်မှု#ပြည်တွင်းသတင်း